Wednesday, April 3, 2013

ဖုန်းဆင်းကတ်ဈေးနှင့် စည်းကမ်းချက်များ

ဖုန်းကတ်ဈေးနှင့် စည်းကမ်းများ

(၁) ၂၀၁၃ ခုနှစ် ဧပြီလ (၂၄)ရက်နေတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့်စတင်ရောင်းချမည်။

(၂) ရောင်းချမည်ဈေးနှုံးမှာ တယ်လီဖုန်းခေါ်ဆိုခ (၃၀၀)ကျပ် ကြိုတင်ထည့်သွင်းပြီး   ဆင်းကတ်တစ်ခုအတွက် ၁၅၀၀ိ/ ဖြစ်ပါတယ်   လစဉ်မိုဘိုင်းဖုန်းပေါင်း ၃၅၀၀၀၀လုံးရေ ခွဲဝေရောင်းချပေးသွားပါမည်။

(၃) စတင်ရောင်းချမည်မိုဘိုင်းဖုန်းများမှာ CDMA 800MHz စနစ်ဖြစ်ပြီး မြန်မာနိုင်ငံတ၀ှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။နောက်လများတွင်           GSM 2.75G နှင့် WCDMA3G များကိုရောင်းချပေးမည် ရောင်းချမည်အစီအစဉ်ကိုထပ်မံကြေငြာပေးသွားပါမည်။

(၄)      CDMA 800MHz စနစ်မရှိသေးသောနေရာဒေသများတွင် WCDMA-3Gစနစ်ဖုန်းများကိုနှုံးထားတူ ၁၅၀၀ိ/ ဖြင်ရောင်းချပေးသွားပါမည်.။

(၅) အများပြည်သူများသုံးနိုင်သည်ဈေးနှုံးမျးဖြင်ရောင်းချပေးမည်ဖြစ်ပါသောကြောင့် ၀ယ်ယူသည်နေမှ ၁၅ ရက်အတွင်း တယ်လီဖုန်းဆင်းကပ်အတွင်းမူလထည်သွင်းပေးထားသော ၃၀၀ိ/ မကုန်မှီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ိ/ တန်ငွေဖြည်ကတ်ကိုထည့်သွင်းအသုံးပြုရမည်။ ဖုန်းကတ်ကိုတစ်ခြားသူလက်အတွင်းရောင်းချမည် အစီအစဉ်မှကာကွယ်နိုင်ရန်အတွက် ၁၅ ရက်အတွင်းအသုံးပြုခြင်းမရှီပါကအလိုအလျှောက်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

(၆) စက်ပစ္စည်းတန်ဖိုး စက်ကုန်ကျစရိတ်များကိုတယ်လီဖုန်းပြောဆိုခများမှပြန်လည်စုစည်းသွားမည်အစီအစဉ်ဖြစ်ပါသောကြောင်
တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို လစဉ်ကြိုတင်ငွေဖြည်ကပ်ဖြင့် တစ်လကိုအနည်းဆုံ (၂၅၀၀)ကျပ်သုံးဆွဲရန်သပ်မှတ်ထားပြီးဖြစ်ပါသဖြင့် နှစ်လပြည်သော်လည်း ကြိုတင်ငွေဖြည်ကတ်မှ (၅၀၀၀)ကျပ် ကိုမသုံးစွဲပါက အလိုအလျှောက် (၅၀၀၀)ကျပ်ပြည်သည်အထိဖြတ်တောက်သွားမည်ဖြစ်ပါသည်။ ဆင်းကတ်အတွင်းဖြည်သွင်းထားသောငွေကုန်ဆုံးသွားပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည်သွင်းခြင်းမရှိပါက အဆိုပါဖုန်းသည်အလိုအလျှောက်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

(၇) မြန်မဆက်သွယ်ရေလုပ်ငန်းနှင်းအတူ လိုင်စဉ်ရအော်ပရေတာများမှ နိုင်ငံတစ်ဝှမ်းလုံးရှိပြည်သူများဆက်သွယ်သုံးစွဲနိုင်ရန်မိုဘိုင်းဖုန်းလိုင်းများကိုတိုးချဲတပ်ဆင်ပြီးပါက မည်သည်ကန့်သတ်ချက်များမထားဘဲလွတ်လပ်စွာရောင်းချပေးမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

1 comment:

  1. Online casino - kadangpintar
    Play all the slot kadangpintar games for free at 메리트 카지노 주소 Kadangpintar. หารายได้เสริม All you have to do is register at the office with Kadangpintar's office.

    ReplyDelete

လာရောက်အားပေးတဲ့အတွက်အထူးဝမ်းသားမိပါတယ်

Back to the Top