Wednesday, April 3, 2013

ဖုန်းဆင်းကတ်ဈေးနှင့် စည်းကမ်းချက်များ

ဖုန်းကတ်ဈေးနှင့် စည်းကမ်းများ

(၁) ၂၀၁၃ ခုနှစ် ဧပြီလ (၂၄)ရက်နေတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့်စတင်ရောင်းချမည်။

(၂) ရောင်းချမည်ဈေးနှုံးမှာ တယ်လီဖုန်းခေါ်ဆိုခ (၃၀၀)ကျပ် ကြိုတင်ထည့်သွင်းပြီး   ဆင်းကတ်တစ်ခုအတွက် ၁၅၀၀ိ/ ဖြစ်ပါတယ်   လစဉ်မိုဘိုင်းဖုန်းပေါင်း ၃၅၀၀၀၀လုံးရေ ခွဲဝေရောင်းချပေးသွားပါမည်။

(၃) စတင်ရောင်းချမည်မိုဘိုင်းဖုန်းများမှာ CDMA 800MHz စနစ်ဖြစ်ပြီး မြန်မာနိုင်ငံတ၀ှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။နောက်လများတွင်           GSM 2.75G နှင့် WCDMA3G များကိုရောင်းချပေးမည် ရောင်းချမည်အစီအစဉ်ကိုထပ်မံကြေငြာပေးသွားပါမည်။

(၄)      CDMA 800MHz စနစ်မရှိသေးသောနေရာဒေသများတွင် WCDMA-3Gစနစ်ဖုန်းများကိုနှုံးထားတူ ၁၅၀၀ိ/ ဖြင်ရောင်းချပေးသွားပါမည်.။

(၅) အများပြည်သူများသုံးနိုင်သည်ဈေးနှုံးမျးဖြင်ရောင်းချပေးမည်ဖြစ်ပါသောကြောင့် ၀ယ်ယူသည်နေမှ ၁၅ ရက်အတွင်း တယ်လီဖုန်းဆင်းကပ်အတွင်းမူလထည်သွင်းပေးထားသော ၃၀၀ိ/ မကုန်မှီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ိ/ တန်ငွေဖြည်ကတ်ကိုထည့်သွင်းအသုံးပြုရမည်။ ဖုန်းကတ်ကိုတစ်ခြားသူလက်အတွင်းရောင်းချမည် အစီအစဉ်မှကာကွယ်နိုင်ရန်အတွက် ၁၅ ရက်အတွင်းအသုံးပြုခြင်းမရှီပါကအလိုအလျှောက်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

(၆) စက်ပစ္စည်းတန်ဖိုး စက်ကုန်ကျစရိတ်များကိုတယ်လီဖုန်းပြောဆိုခများမှပြန်လည်စုစည်းသွားမည်အစီအစဉ်ဖြစ်ပါသောကြောင်
တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို လစဉ်ကြိုတင်ငွေဖြည်ကပ်ဖြင့် တစ်လကိုအနည်းဆုံ (၂၅၀၀)ကျပ်သုံးဆွဲရန်သပ်မှတ်ထားပြီးဖြစ်ပါသဖြင့် နှစ်လပြည်သော်လည်း ကြိုတင်ငွေဖြည်ကတ်မှ (၅၀၀၀)ကျပ် ကိုမသုံးစွဲပါက အလိုအလျှောက် (၅၀၀၀)ကျပ်ပြည်သည်အထိဖြတ်တောက်သွားမည်ဖြစ်ပါသည်။ ဆင်းကတ်အတွင်းဖြည်သွင်းထားသောငွေကုန်ဆုံးသွားပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည်သွင်းခြင်းမရှိပါက အဆိုပါဖုန်းသည်အလိုအလျှောက်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

(၇) မြန်မဆက်သွယ်ရေလုပ်ငန်းနှင်းအတူ လိုင်စဉ်ရအော်ပရေတာများမှ နိုင်ငံတစ်ဝှမ်းလုံးရှိပြည်သူများဆက်သွယ်သုံးစွဲနိုင်ရန်မိုဘိုင်းဖုန်းလိုင်းများကိုတိုးချဲတပ်ဆင်ပြီးပါက မည်သည်ကန့်သတ်ချက်များမထားဘဲလွတ်လပ်စွာရောင်းချပေးမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။
လာရောက်အားပေးတဲ့အတွက်အထူးဝမ်းသားမိပါတယ်

Back to the Top