Saturday, May 26, 2012

မိုလ်ဘိုင်းဖုန်း Caller Ring tone

မလေးရှားက maxis လိုင်းသုံးတဲ့ သူငယ်ချင်းတွေအတွက်ပါ။ မိမိတို့ Caller RingTone တွေမှာ မလေးသီချင်း၊ တရုတ်သီချင်း၊ အင်္ဂလိပ်သီချင်း တွေ သုံးရတာငြီးငွေ့နေလောက်ပါပြီ။ အသစ်အဆန်းလေး ဖြစ်သွားအောင် ကိုယ့်မြန်မာသီချင်းလေးတွေကို ထည့်သုံးနိုင်ပါပြီ။ အောက်မှာပေးထားတဲ့ ကိုယ်နှစ်သက်တဲ့ သီချင်းလေးတွေကို ရွေးပြီး သက်ဆိုင်တဲ့ Code no. တွေကို ဖုန်းမှာရေးပြီး call ကို နှိပ်လိုက်ပါ။ ဒါဆိုရပြီပေါ့ဗျာ။ (သြော် ဖုန်းထဲမှာ rm 3 ကျော်တော့ရှိရမှာပေါ့နော်..) တစ်ဘက်ဖုန်းက မိမိဖုန်းကိုခေါ်တဲ့အခါ (တူ...တူ... )အစား ကိုယ်ဝယ်ထားတဲ့ သီချင်းလေးတွေကို တစ်ဖက်လူက ကြားရပြီပေါ့။ ထုံစံအတိုင်းဘဲ ၁ - ပိုဒ်ကို rm 3 နဲ့ ၁ - လခံတာပေါ့။ သီချင်းဓာတ်ခံ ရှိပြီးသားသူတွေလည်းဝယ်လို့ ရပါတယ်။ ဝယ်ပြီးရင်တော့ သီချင်းနှစ်ပိုဒ်က ခေါ်လိုက်တိုင်းတစ်လည့်စီ လာနေမှာပေါ့။ အဲလိုမဖြစ်ချင်ရင် *100# ကို call ပြီးရှာပိတ်လို့ရပါတယ်။
ကျွန်တော်တော့ ဂျာနယ်ထဲမှာတွေ့လို့ အောက်က list ကို သုံးချင်တဲ့သူ သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်...
No. Code no. သီချင်းအမည်... (တေးဆို)
၀၁. *131*151617# ငါရဲ့လမင်း (လေးဖြူ)
၀၂. *131*151619# သံယောဇဉ် (လေးဖြူ)
၀၃. *131*151651# လမိုက်ည (မျိုးကြီး)
၀၄. *131*151649# ကိုက်ရေးရာဇဝင်(အငဲ)
၀၅. *131*151650# ထပ်မဝေးဘူး (အငဲ)
၀၆. *131*151653# အိမ်လွမ်းသူ (ဝိုင်ဝိုင်း)
၀၇. *131*151652# ဖြတ် (Rဇာနည်)
၀၈. *131*151641# ရင်ခုန်ဘက်သို့တမ်းချင်း (ဟန်ထွန်း)
၀၉. *131*151642# ရင်နာတယ်ဧပရယ် (ဟန်ထွန်း)
၁၀. *131*151660# အတိုင်းထက်အလွန် (နောနော်)
၁၁. *131*151659# မင်းမသိဘူး (နောနော်)
၁၂. *131*151656# အချစ်ဆိုတာ (ခင်မောင်တိုး)
၁၃. *131*151658# ပန်းချစ်သူ (ခင်မောင်တိုး)
၁၄. *131*151667# မောင်နဲ့လိုက်ခဲ့ဦးမလား (ဗညားဟန်)
၁၅. *131*151668# ရွှေသဇင် (ဗညားဟန်)
၁၆. *131*151669# သမုဒယဝါဆိုမိုး (ဗညားဟန်)
၁၇. *131*151655# ကလေးဆိုး (ငြိမ်းစည်သူ)
၁၈. *131*151654# ကိုယ်ကချစ်ရသူလေ (ငြိမ်းစည်သူ)

Monday, May 21, 2012

java phone games

သူငယ်ချင်းတို့ရေ
ကျွန်တော်အများဆုံးတင်ပေးနေတာကတော့  andriod os ဖုန်းတွေအတွက်များပါတယ် ခုတစ်ခါတင်ပေးမှာက
တော့ java phone games အတွက်ဖြစ်ပါတယ်  အောက်ကလင့်လေးမှာ ၈ိမ်းအမျိုးအစားတွေအများကြီးပါပါတယ် သူငယ်ချင်းတို့ကြိုက်တယ်ဆိုရင်တော့ပြောနော်
ဒေါင်းရန်လင့်  www.java.handster.com/games.htm

ဖုန်းကိုလက်နဲ့ထိစရာမလိုဘဲ silent လုပ်လို့ရတဲ့ software လေးပါ




ဒီဆော့ဝဲလေးက အလန်းပဲဗျ။ ကိုယ်က အစည်းအဝေးခန်းလို နေရာမျိုး ၊ ဖုန်းကိုင်လို့မဖြစ်တဲ့နေရာမျိုးရောက်နေလို့ ဖုန်းမြည်လာခဲ့ရင် ဖုန်းရှေ့ကင်မရာပေါ် လက်လေးဝေ့လိုက်ရုံနဲ့ ဖုန်းက silent ဖြစ်သွားမှာပါ။ ပြီးတော့ ခုနကပြောသလိုပဲ ကိုင်လို့မရတဲ့နေရာရောက်နေလို့ ဖုန်းမကိုင်နိင်သေးတဲ့ အကြောင်းကို message ပို့ချင်ရင်လည်း စာရိုက်နေစရာမလိုပါဘူး။
ဖုန်းရှေ့ကင်မရာပေါ် လက်လေးဝေ့လိုက်ရုံနဲ့ message ပို့ပေးသွားမှာပါ။ ကျန်တာတွေကတော့မပြောပြတော့ဘူးနော်။ ဒီဆော့ဝဲလေးက Symbian OS သုံး Nokia Touch screen ( 5800 Xpress Music, N8 ,N97 အစရှိတဲ့) ဖုန်း တွေမှာပဲသုံးလို့ရပါတယ်။ သုံးကြည့်လိုက်ကြပါဦး။

ဆော့ဝဲအားရယူရန်

Andriod OS ဖုန်းများတွင် မြန်မာလက်ကွက်နှင့် မြန်မာဖောင့်သွင်းနည်း

အခုနောက်ပိုင်း Android OS သုံးဖုန်းတွေကအရမ်းခေတ်စားလာတယ်။ တရုတ်နိုင်ငံထုတ် Huawei နဲ့ ZTE တို့လို CDMA ဖုန်းတွေမှာတောင်မှ Android OS ကိုအသုံးပြုထားတာတွေ့ရပါတယ်။ အခုကျွန်တော်ပေးမှာက MyanDroid Soft Keyboard လေးပါ၊ Zawgyi Font သုံးထားပါတယ်။ ဖုန်းဆိုင်တွေမှာ သွားသွင်းရင် အနည်းဆုံး ခုနှစ်ထောင်လောက်ပေးရပါတယ်။ ဒီတော့ ကိုယ့်ဘာသာကိုသွင်းတာက အကောင်းဆုံးပါပဲ။သွင်းပုံသွင်းနည်းကို အောက်မှာဖတ်ပါ။ အရင်ဆုံးအောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုကို အရင် ဒေါင်းလိုက်ပါ။

Mydroid Soft Keybord အားရယူရန်

Soft Keybord အားရယူရန်

ဒေါင်းပြီးပြီဆို၇င် အဲဒီ နှစ်ဖိုင်စလုံးကို ဖုန်းထဲမှာ install လုပ်ပါ။
install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ setting ထဲကိုသွားပြီး language and keyboard ကိုရွေးပါ။
Mydroid soft keyboard ကို အမှန်ခြစ်ပေးပါ။




All program menu ထဲကိုသွားပြီး zawgyi ipad program ကိုဖွင့်ပါ။ပြီးရင် Text box ထဲမှာ ငါးစက္ကန့် ခန့်ဖိထားပါ။
Input Method ကိုရွေးပါ။ Select input method ထဲမှာ Mydroid soft keyboard ကိုရွေးလိုက်ပါ
မြန်မာစာကီးဘုတ် ပေါ်လာပါလိမ့်မယ်။ အဲဒီမှာတင်မပြီးသေးပါဘူး ။ အခုသွင်းပြီးသလောက်က မြန်မာ keyboard သွင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။ မြန်မာဖောင့်ကို ဖုန်းရဲ့ function တွေ (ဥပမာ- message , contacts) မှာ ရေးနိုင် ဖတ်နိုင်အောင် မြန်မာ ဖောင့်ထည့်ရဦးမှာပါ။ အောက်မှာဆက်ဖတ်ပါ။










ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ။
Click here to download

zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ အောက်ကပုံအတိုင်း (Mount R/W ) အနီပြထားတာကိုနိုပ်ပါ။

အားလုံးပြီးရင်အောက်ကပုံအတိုင်းဖြစ်နေရပါမယ်




ဒီအထိပြိးရင် DroidSansFallback.ttf ကို permission ပြောင်းပေးရပါမယ် အဲအတွက် DroidSansFallback.ttf ကို ကြာကြာဖိထားပါ အောက်ကပုံအတိုင်းပေါ်လာပါမယ်။



အောက်ပုံအတိုင်း permission ကိုပေးလိုက်ပါ


ပြီးရင်တော့ OK နှိပ်ပါ။ ပြီးရင် paste ကိုနှိပ်လို့ ရပါပြီ ။
နှိပ်လိုက်ရင် Warning ရှိပြီးသားလို့ လာပြပါလိမ့်မယ် ။ overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပြီဖြစ်ပါတယ်။ မြန်မာလို ရိုက်ချင်ရင်တော့ Message ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
Message ကိုဖွင့်ပါ ။ New Message ထဲကိုဝင်ပါ။ စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။ ပြီးရင် ရိုက်လို့ရပါပြီ။ အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်လုပ်တာတော့ အဆင်ပြေပါတယ်။ အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး။

ကောပီလင့်။            ။http://dingnoeizolen.blogspot.com/2011/06/andriod-os.html 

ဖုန်း Ringtone လေးတွေပါ

ကျွန်တော်အခုတင်ပေးလိုက်တာကတော့ ဖုန်း Ringtone ဆိုဒ်လေးဖြစ်ပါတယ်။ အဲဒိဆိုဒ်မှာဆိုရင်ဖုန်း 
Ringtone အသံတွေကတော့စုံနေတာပဲ။ ဖုန်း Themes တွေကော ...... ဖုန်း  Wallpaper တွေကော.......ဖုန်း games တွေကောပါပါတယ်။
အောက်မှာလင့်လေးရှိတယ်နော်သယ်ရင်။
အဲဒိဆိုဒ်ကိုတော့ ဒီမှာ သွားလိုက်ပါ။

Android ဖုန်းမှာ ဇော်ဂျီဖောင့် ထည့်နည်း

စာဖတ်သူတို့က ရှေ့မှာ Android ကို ဘယ်လို Root လုပ်တယ်ဆိုတာ သိပြီးပြီဆိုတော့... အခု Root လုပ်ထားတဲ့ Android ဖုန်းမှာ ဇော်ဂျီ မြန်မာစာဖောင့် ဘယ်လိုထည့်သွင်းမလဲဆိုတာကို ဖော်ပြပေးပါ့မယ်။


Android မှာ ဇော်ဂျီဖောင့်ထည့်တော့ ဘာတွေလုပ်လို့ရလဲ...?

ဖုန်းမှာ ဇော်ဂျီဖောင့်နှင့် ဇော်ဂျီ လက်ကွက် ထည့်သွင်းထားမယ်ဆိုရင် Myanmar Website တွေကို ဖတ်လို့ရမယ်။ ရေးလို့ရမယ်။ ဒါအပြင့် ဖုန်း Contacts တွေ၊ SMS တွေမှာပါ မြန်မာလိုရိုက်ပြီး သုံးနိုင်ပြီလေ... တခြားလုပ်လို့ရတာတွေလည်း ရှိပါသေးတယ်...။

ကဲ... သူရဲ့ အကျိုးကျေးဇူးကို သိပြီဆိုတော့။ ဇော်ဂျီဖောင့်ကို ဘယ်လိုထည့်ရမယ်ဆိုတာကို ပြောပါ့မယ်။
စာရေးသူအနေဖြင့် ဖောင့်ထည့်သွင်းပုံနည်းလမ်း နှစ်မျိုးပဲ သိပါတယ်။ တခြားနည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။

အခု ပထမ နည်းလမ်းက FontChangerLite Application ကိုသုံးပြီး ဖောင့်ကို ထည့်သွင်းမှာပါ။


၁။ FontChangerLite_v1.7.10.apk <OR> FontChangerLite_v1.8.3.apk လိုပါတယ်။

Download Link:
FontChangerLite_v1.7.10.apk

FontChangerLite_v1.8.3.apk


၂။ FontChangerLite​.apk ကို ဖုန်း၏ SDCard ထဲသို့ ကူးထည့်ပေးပါ။ ထို့နောက် မိမိ Android ဖုန်း၏ Menu တွင် ( File Manager OR Root Explorer OR And Explorer ) ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ FontChangerLite​.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးပါမယ်။ Open မှာ နှိပ်ပါ။ အဲ... ဒီအဆင့်မှာ ကိုယ့်ဖုန်းက Root လုပ်ထားပြီးသား ဖြစ်နေမှသာ SuperUser ပေါ်လာပြီး FontChangerLite Application ကို Run ခွင့်ပြုမပြု မေးပါမည်။ Allow Button ကို ရွေးပြီး ခွင့်ပြုလိုက်ပါ။


(မှတ်ချက် - Root လုပ်မထားသော Android ဖုန်းတွင် ပြုလုပ်နိုင်မည် မဟုတ်ပါ။ Root လုပ်နည်းမသိပါက ဒီမှာ နှိပ်ပြီး လေ့လာပါ။)


၃။ FontChangerLite Application အား Run ပြီးပါက ပြန်ပိတ်လိုက်ပါ။ ပြီးနောက် ဖုန်း၏ SD Card တွင် ဝင်ကြည့်ပါက .fontchanger ဆိုသည့် Folder တစ်ခုကို တည်ဆောက်ပေးသွားပါတယ်။ ထို .fontchanger Folder ထဲသို့ zawgyione.ttf ( OR ) zawgyione2008.ttf ဇော်ဂျီဖောင့် တစ်ခုခုကို ကူးထည့်ပါ။

၎။ ထို့နောက် FontChangerLite App ကို ပြန်ဖွင့်ကြည့်ပါက .fontchanger Folder ထဲတွင် ထည့်သွင်းခဲ့သော Zawgyi Font ကို တွေ့ရပါမည်။ ဇော်ဂျီဖောင့်ပေါ်မှာ One Touch တစ်ချက်နှိပ်ပါ။ Prompt တစ်ခု တပ်လာရင် Apply လုပ်ပါ။ Reboot now ကို ထပ်ရွေးပါ။ ဖုန်းကို Restart ချပေးသွားပါမည်။

Sunday, May 20, 2012

ဖုန်းအတွက်မြန်မာပြက္ခဒိန်

ကျွန်တော် နားလည်သလိုလေးပဲ Install လုပ်ပုံလုပ်နည်းလေးကို ရေးလိုက်ပါတယ်။ ဆော့ဝဲလေးကို Application ပါသော ဖုန်းများ၊ jar platform လက်ခံသော ဖုန်းများဖြစ်မှသာ သုံးလို့ရမှာပါ။
မိုဘိုင်းဖုန်းတွင် မြန်မာ ပြက္ခဒိန် ၂၀၁၂ အတွက် Install လုပ်ရန် 356 ဆော့ဝဲလေး ကို ဒီနေရာ မှာဒေါင်းလုတ်လုပ်ပါ။ Download လုပ်ပြီးရလာတဲ့ ဆော့ဝဲလေးတွေကို ဖုန်း Memory ထဲဖြစ်ဖြစ် Memory card ထဲဖြစ်ဖြစ် Folder တစ်ခုလုပ်ပြီး ထည့်လိုက်ပါ။ ပြီးရင် ဖုန်းထဲက မိမိထည့်ထားတဲ့ ဆော့ဝဲလေးတွေကို သွားဖွင့်ပါ။ Install လုပ်ပါလိမ့်မယ်။ ဖုန်း ၊ card ထဲက Application ထဲဖြစ်ဖြစ် Game ထဲဖြစ်ဖြစ် Save လုပ်ပါ။ အချို့ NOKIA ဖုန်းများမှာ မိမိကိုယ်တိုင် Install လုပ်ပေးရမှာဖြစ်ပြီး အချို့ NOKIA ဖုန်းများမှာ ဆော့ဝဲကိုထည့်ရုံပါဘဲ ကိုယ်တိုင် install လုပ်စရာမလိုပါဘူး။ ဖုန်းကသူအလိုအလျှောက် Install လုပ်ပေးသွားပါတယ်။ Install လုပ်ပြီး ဖွင့်ကြည့်ပါက အောက်ပါအတိုင်း ပေါ်လာပါမယ်။
Update Code A အကွက်ထဲမှာ 2508
Update Code B အကွက်ထဲမှာ 9125 ဟုရိုက်ထည့်ပြီး OK ကို နှိပ်ပေးပါ။ ဖုန်းရဲ့ DATE ကိုလိုက်ပြီး အောက်က ပုံစံမျိုးအတိုင်း ပေါ်လာပါမယ်။ ဒါဆို ၂၀၁၂ တစ်နှစ်လုံးစာအတွက် မြန်မာ ပြက္ခဒိန်ကို စတင်သုံးလို့ ရပါပြီ။

sony electronics နှင့် sony electronics လို system တူတဲ့ဖုန်းတွေမှာဆိုရင် အဲဒီဆော့ဝဲလေးတွေကို Computer သုံးပြီးဖုန်းထဲမှာ Floder တစ်ခုတည်ဆောက်ပြီး ထည့်ထားရင် Bluetooth နဲ့ အခြားဖုန်းတွေကို ပေးလို့ရပါတယ်။ Bluetooth ဖြင့်ရထားတဲ့ဖုန်းတွေက အခြားဖုန်းတွေကို ထပ်ပြီး send လို့မရတော့ပါဘူး။ Bluetooth လုပ်စဉ်က တစ်ခါတည်း Install လုပ်လိုက်လို့ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ…

ဒီမှာdownload ယူပါ   ဖုန်းထဲထည့်တဲ့ 2012 မြန်မာပြက္ခဒိန်  (Mediafireမှာနော်)

ဒီမှာလည်း ယူလို့ ရပါတယ် http://sindecafe.com ( အဲ့မှာ စတွေ့ တာပါ)

မူရင်းလင့်နဲ့ ပိုင်ရှင်က www.sm3world.com

ဖုန်းဂီမ်းများ


စစ်ဆင်ရေး ဂိမ်းများဆော့တာ ၀ါသနာပါခဲ့ရင် အကောင်းဆုံးတစ်ခု မျှဝေချင်ပါတယ်

အမေရိကန်စစ်တပ်ရဲ့ မြေပြင် ၊ ဝေဟင် ၊ ရေပြင် ၊ စစ်ဆင်ရေး ဂိမ်းများ ဖြစ်ပါတယ်

အခုနမူနာပုံက ဂိမ်းဆိုရင် အဆင့် ၁၀ခုရှိပါတယ် ။ ဆော့လို့ အရမ်းကောင်းပြီး အပျင်း

ပြေ စိတ်လှုပ်ရှားစေနိုင်မယ့် ဂိမ်းလေးတစ်ခု ဖြစ်တာကြောင့် ၀ါသနာပါသူများ ယူထား

ကြပါ ။ အင်စတောလုပ်တာလည်း လွယ်ပါတယ် ။ ဒေါင်းလုပ်ရလာတဲ့ ဖိုင်ကို ဖြည်ပြီး

ဖုန်းမန်မိုရီကဒ်ထဲသို့  ကော်ပီကူးလိုက်ပါ ။ ပြီးရင် ကော်ပီယူထားသော ဖိုင်ကိုဖွင့်၍

အလွယ်တကူ အင်စတောလုပ်နိုင်ပါတယ် ဖိုင်ထဲမှာစစ်ဆင်ရေးတိုက်ခိုက်ရေး ဂိမ်းများ

၉ခု ထည့်ထားပါတယ် နမူနာပြတဲ့ အမေရိကန် စစ်ဆင်ရေးကတော့ အကောင်းဆုံးပါပဲ

Java App ပါတဲ့ Nokia , Sony ဖုန်းတွေအတွက်ပါ..........................................။


ဒီမှာ Download ယူပါ American Army Phone Games (စစ်ရေးတိုက်ပွဲများ)

မူရင်းလင့်မှာ အစုံရှိပါတယ် http://mobile2kdownload.blogspot.com

မှတ်ချက် ။         ။မောင်စွယ်စုံရှီမှကူးယူသည်

Friday, May 18, 2012

တရားတော်များနှင့်ဖုန်းဂိမ်းများ

တရားတော်များ

ဖုန်းတေးသံများရယူရန်

ဆော့ဝဲမလိုဘဲfolder တွေကိုလော့ချနည်း

ခုပေးမဲ့နည်းပညာကတော့ သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ဆော့ဝဲ မလိုဘဲ folder တွေကိုလော့ချတဲ့နည်းလေးပါ
အရင်ဆုံး ကျွန်တော်ပေးမဲ့ ကုတ်တွေကို copy ကူးယူးလိုက်ရအောင်
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK

if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END

echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked

goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== zayyazaw.webs.com goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"

ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully

အပေါ်ကကုတ်တွေကိုကော်ပီကူးယူပြီးရင် အောက်ကနည်းတွေအတိုင်း သွားရမယ်နော်

၁။    start ထည်းက run ကိုနှိပ်ပါ
၂။   ပေါ်လာတဲ့ဘောက်ထည်မှာ notepad လို့ရိုက်ထည့်လိုက်ပါ ပြီးရင် ok နှိပ်လိုက်ပါ
၃။   စာရွက်တစ်ရွက်ကြလာပါလိမ့်မယ် အဲဒိစာရွက်ထဲမှာ အပေါ်ကကူးယူထားတဲ့ ကုတ်တွေကို paste လုပ်လိုက်ပါ
၎။  paste လုပ်လိုက်လို့ပေါ်လာတဲ့စာကြောင်းတွေရဲ့ ၂၃ ကြောင်းမြောက်မှာ zayyazaw.webs.com ဆိုတာရှိပါတယ်၊အဲဒါကိုဖြက်ပြီးကြိုက်တဲ့နာမည်ကိုရိုက်ပါ ၊ ရိုက်လိုက်တဲ့နာမည်ကတော့ ကိုယ်သုံးမဲ့ လျှိုဝှက်နံပါတ်
ပါဘဲ။
၅။  ပြီးရင် အဲဒိစာမျက်နှာကိုဆေ့ဖိုအတွက် folder တစ်ခုဆောက်ပါ ပြိးရင်အဲဒိ folder ထဲမှာ ဆေ့ပါ။
ဆောရီးနော်ကျန်သေးတယ် အဲဒိလို့ဆေ့ဖိုအတွက် ခုနတုံးက paste လုပ်ထားတဲ့စာမျက်နှာ ရဲ့file ထဲ့က save as
ကိုနှိပ်ပါ ဖိုင်တစ်ခုကျလာပါလိမ့် အဲဒိဖိုင်ထဲ့မှာခုနတုံးကအသစ်ဆောက်ထားတဲ့ folder အသစ်ကိုရှာပြီးဆေ့ရမှာဖြစ်
ပါတယ် အဲဒိလိုဆေ့တဲ့အခါမှာ file name ကို locker.bat လို့အမည်ပေးရပါမယ်။ပြီးရင် save ပေါ့
၆။   ခုဆိုရင်သူငယ်ချင်တို့အသစ်ဆောက်ထားတဲ့folder ထဲ့မှာ locker ဖိုင်လေးကိုတွေပါလိမ့်မယ် အဲဒိဖိုင်လေးကို
ကလစ်နှစ်ချက်နှိပ်လိုက်ပါ Private ဖိုင်တစ်ခုထွက်လာလိမ့်မယ် Private ဖိုင်ထဲမှာမှတ်ချင်ဟာတွေကိုထည်လိုက်ပါ
ပြီးရင်တော့ lockerဖိုင်ကိုနှစ်ချက်နှိပ်လိုက်ပါ y ဆိုတာကိုရိုက်ပြီး အန်းတာခေါက်လိုက်ပါ
Private ဖိုတာပြောက်သွားပါလိမ့်မယ်၊ ကဲသူငယ်ချင်းတို့ရေ ပြန်ပြီးဖွင့်ချင်တယ်ဆိုရင်တော့lockerဖိုင်ကိုနှစ်ချက်
နှိပ်လိုက်ပါ ပါတ်စ၀ှက်တောင်းပါလိမ့်မယ် အပေါ်က www.zayyazaw.webs.comကိုဖျက်ပြီးမိမိတိုကြိုက်တာ
ရိုက်ထားတဲ့နာမည်နဲ့ဝင်ရပါမယ် ပါတ်စ၀ှက်တောင်းတဲ့နေရာမှာသူငယ်ချင်တို့မှတ်ခဲ့တဲ့ပါတ်စ၀ှက်ကိုရိုက်ပြိး
အန်းတာခေါက်လိုက်ပါ။ဒါဆိုရင်တော့ ခုနတုံကမှတ်ထားတဲ့ privateဆိုတဲ့ဖိုင်လေးထွက်လာပါပြီ
ကဲ့ဒိလောက်ဆိုသူငယ်ချင်းတို့နားလည်လောက်ပြီပေါ့ ကျွန်တော်ကိုဒိနည်းပညာကိုသင်ပေးတဲ့  သူငယ်ချင်း
ချမ်းအေးကို ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ
လာရောက်အားပေးတဲ့အတွက်အထူးဝမ်းသားမိပါတယ်

Back to the Top