Saturday, September 29, 2012

ငတက်ပြာ၈ီမ်းလေးပါ



Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမည်ရမိုဘိုင်းဂိမ်းတစ်ခုကို စင်ကာပူအခြေစိုက် Rival Edge Pte Ltd မှမြန်မာကွန်ပျူတာပညာရှင်များကရေးသားထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဂိမ်းပုံစံကတော့ Temple Run ဂိမ်းလိုပဲ ငတက်ပြားက အချိန်ပြည့်ပြေးလွှားလှုပ်ရှားနေတဲ့ဇာတ်ကောင်အနေနဲ့ဆော့ကစားရမှာဖြစ်ပြီး ပြေးနေသည့်လမ်းတစ်လျှောက်ရွှေထုပ်အများအပြားရရှိအောင်ဆော့ကစားရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့နောက်ခံတီးလုံးကို မြန်မာ့ရိုးရာတီးလုံးနဲ့ ဖန်တီးထားပါတယ်။ ဆော့လို့ကောင်းတဲ့ မြန်မာ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ငတက်ပြား for Android ဂိမ်းကိုကစားလိုသူများအောက်က link မှာရယူနိုင်ပါတယ်။

Wednesday, September 26, 2012

Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း

အခုပြောပြပေးမှာကတော့ Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း ဖြစ်ပါတယ်။ အရင်က Recovery mode ကို ၀င်ဖို့ဆိုရင် ဖုန်းအမျိုးအစားပေါ်လိုက်၍ သက်ဆိုင်ရာ ခလုပ်များကိုနှိပ်ရပါတယ်။ အခုပြောမည့် နည်းကတော့ ဘာခလုပ်မှ နှိပ်စရာမလိုတော့ပါဘူး။ လိုအပ်သော One Click Recovery ဖိုင်ကိုဒေါင်းပါ။

Wednesday, September 5, 2012

Android ဖုန်းတွေပေါ်မှာတရားနာ


ဗုဒ္ဓတရားတော်များကို Android ဖုန်းထဲကနေ နာကြားလိုသူများအတွက် ဓမ္မရေဒီယို (Dhamma Radio) v1.0.2 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီ app လေးကိုသုံးဖို့အတွက် ဖုန်းမှာအင်တာနက်ချိတ်ဆက်ထားဖို့တော့လိုအပ်ပါတယ်။ ဓမ္မရေဒီယို Channel (၁၅)လိုင်းပါဝင်တာကြောင့် မိမိတို့နာကြားချင်တဲ့တရားတော်များကိုရွေးချယ်နာယူနိုင်ပါတယ်။ အောက်က link မှာ download ရယူနိုင်ပါတယ်။
Dhamma Radio v1.0.2 for Android အားရယူရန်





Wifi သုံးသူတွေ မရှိမဖြစ်လိုအပ်တဲ့ Wifi Protector

ကဲသူငယ်ချင်းတို့ရေ
ကိုယ်ခရီးသွားရင်သူငယ်ချင်းတစ်ယောက်ရှိကနေရလာတဲ့ဆော့ဝဲလေးကိုမျှပေးလိုက်ပါတယ်
ဟဲဟဲကူးချတယ်ပေါ့..သူများရန်ကနေကာကွယ်ရအောင်ပါလက်တဲ့စမ်းတဲ့သူတွေများလာတယ်လေ
ဥပမာ ကျွန်တော်လို့ပေါ့ ကဲပါထားပါတော့ လိုရင်းကိုမရောက်တော့ဘူး


Public Network မှာ သုံးတဲ့သူတွေ အတွက် Privacy and Safety ဆိုတာ တကယ်ကိုလို အပ်ပါတယ်။
အများနဲ့အတူသုံးတဲ့အတွက် ကိုယ်ချိတ်ဆက်ထားတဲ့ Network မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ မသိနိုင်ပါဘူး။
လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမှာပါ။ လူဆိုးထဲကမှ ကိုယ့်အကောင့်ကို ယူသုံးချင်တဲ့သူတွေ။ ကိုယ့်ပက်ဝေါ့ခိုးချင်းတဲ့သူတွေ



ဖုန်းလာရင်လက်နဲ့နဲဖွင်စရာမလိုနာကပ်လိုက်တာနဲ့ဖုန်းကိုင်ပြီးသားဖြစ်တဲ့ဆော့ဝဲအလန်း



Android ဖုန်းတွေအတွက် တကယ့်ဆော့ဝဲအလန်းစားလေးပါ။ Proximity Talk လို့ခေါ်ပါတယ်။ နောက်ဆုံး version လေးကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကဘာတွေလုပ်ဆောင်ပေးနိုင်လဲဆိုတော့
* ဖုန်းလာတဲ့အခါ ဖုန်းလက်ခံနားထောင်ဖို့ဖုန်းကိုခလုတ်နှိပ်စရာမလိုဘဲ ဖုန်းကိုနား နားကပ်လိုက်လိုက်တာနဲ့ auto ဖုန်းကိုင်ပြီးသားဖြစ်စေပါတယ်။
* အဲဒီလိုဖုန်းပြောနေရင်းနဲ့ ဖုန်းကို နား နားလေးကနေခွာလိုက်တာနဲ့ ဖုန်းကို auto speaker ဖွင့်ပေးပါတယ်။
* ဖုန်းကို speaker ဖွင့်ပြောနေရင်းနဲ့ နား နားလေးကိုကပ်လိုက်တာနဲ့ speaker auto ပိတ်ပေးပြီး ပုံမှန်အတိုင်းဖုန်းပြောလို့ရမှာပါ။
* ဖုန်းပြောပြီးသွားလို့ ဖုန်းချချင်တဲ့အခါမှာ ဖုန်းကို ခလုတ်နှိပ်ချစရာမလိုဘဲ ဖုန်းမျက်နှာပြင်ကို အောက်ဘက်ကိုမျက်နှာမူပြီးမှောက်လိုက်တာနဲ့ ဒါမှမဟုတ် ဖုန်းကိုလှုပ်ခါလိုက်တာနဲ့ auto ဖုန်းချပြီးဖြစ်စေပါတယ်။



ဖုန်းလာရင် Flash မီးလေး နဲ့  အချက်ပြကြမယ်


မိမိ တို့ ဆီကို  ဖုန်းလာတဲ့ အခါ   အသံမထွက်ပဲ Flash မီးလေး မှိတ်လိုက် လက်လိုက်နဲ့   အဆန်းထွင်ချင်သူတွေအတွက်
ပျော်စရာ APK လေးတခုပါအရမ်းလည်းလန်းပါတယ်သူငယ်ချင်းတွေကြိုက်မယ်လို့လဲ
ထင်ပါတယ်နောက်ပြီး
SETTING မှာ   မိမိ  ထားချင်တဲ့  ပုံစံချိန်လို့ ရပါတယ်။
လာရောက်အားပေးတဲ့အတွက်အထူးဝမ်းသားမိပါတယ်

Back to the Top