Friday, October 12, 2012

Galaxy Y GT S-5360 ကို Jelly Bean 4.1.1 ဗာရှင်းမြင့်ပြီးသုံးကြရအောင်





ဒီကာစတန်ရွန်လေးကတော့ Galaxy Y S-5360 သမားတွေအတွက် Jelly Bean Custom Rom လေးပဲဖြစ်ပါတယ် ။ ကို Htet Wai Yan Tun ဖုန်းမှာ
အောင်မြင်စွာစမ်းသပ်ပီးဖြစ်လို့ တခြား Galaxy Y သမားများ JB နဲ့လန်းရအောင် doc လုပ်ပီးတင်ပေးတင်ပေးလိုက်ပါတယ် ။

Custom Rom သုံးမယ်ဆိုမိမိဖုန်းဟာ အမြစ်တူးပြီးသားဖြစ်ဖို့လိုအပ်ပါတယ် ။ Root မလုပ်ရသေးတဲ့သူများ ဒီလင့်မှာကြည့်ပီး လုပ်နိုင်ပါတယ် ။

http://www.galaxy4gaming.in/2012/07/root-unroot-samsung-galaxy-y.html


ပထမဦးစွာ မိမိဖုန်းရဲ့ အရေးကြီးဒေတာများကို မိမိနှစ်သက်ရာ app နဲ့ backup လုပ်ထားစေချင်ပါတယ် ။
ကဲလုပ်ငန်းးစဉ်လေးစလိုက်ကြရအောင် ။



အမှတ်စဉ် (၁) ။ ပထမဦးစွာ Jelly bean new features Run ကိုအောက်ကလင့်ကနေတဆင့်ဒေါင်းပေးပါ ။

http://www.mediafire.com/?hrt1k8xrwcwc7do

အမှတ်စဉ် (၂) ။ ဒါင်းထားတဲ့ ဖိုင်ကို SD card ထဲသို့ကော်ပီကူး ထည့်လိုက်ပါ ။

အမှတ်စဉ် (၃) ။ ဖုန်းကိုပါဝါပိတ် shutdown လုပ်လိုက်ပါ ။

အမှတ်စဉ် (၄) ။ ထို့နောက် Recovery mode ကိုသွားပါမယ် ။ power button + Volume up + Home button ကိုတပြိုင်ထဲဖိထားပေးပါ ။
Galaxy Y လို့စာတန်းစပေါ်လာတာနဲ့တပြိုင်ထဲဖိထားတာကို release လုပ်ပေးပါ ။ အဲဒီအခါ Recovery mode ထဲသို့ရောက်ရှိသွားပါလိမ့်မယ် ။

အမှတ်စဉ် (၅ )။ ထို့နောက် data နဲ့ cache ကို wipe လုပ်ပေးပါ ။ ( မိမိဒေတာများအား ဖျက်ပစ်မည်ဖြစ်သောကြောင့် အရေးကြီး ဒေတာများအား ကြိုတင်ပီး ဘက်အပ်ပြုလုပ်ထားစေချင်ပါသည် ။ )

အမှတ်စဉ် (၆)။ ထို့နောက် install from sd card ဆိုတာကိုနှိပ်လိုက်ပါ ။ အဲဒီနောက်မှာ ဖုန်း sd card ထဲထည့် ထားတဲ့ JELLYBLASTV3.signed ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ ။
ထို့နောက် Home ကိုနှိပ်လိုက်ပါ ။ အဲဒီအခါမှာ လိုအပ်တဲ့ဖိုင်တွေကို စပီး အင်စတောပြုလုပ်နေပြီဖြစ်ပါတယ် ။

အမှတ်စဉ် (၇) ။ အင်စတောပြုလုပ်ပီးပါက မိမိဖုန်းအား reboot လုပ်လိုက်ပါ။ ထို့နောက် မိမိဖုန်းတွင် media scanning completed ဖြစ်တဲ့အထိစောင့်ပေးပါ ။ ဒါဆိုလုပ်ငန်းစဉ်အားလုံးပြီးဆုံးသွားပီဖြစ်ပီး
သင့်ရဲ့ဖုန်းလေးဟာ Jelly Bean 4.1 မောင်းနှင်နေတဲ့ ဖုန်းလေးဖြစ်လို့သွားပါပြီ ။




အကယ်ရွေ့ အထက်မှာပြထားတဲ့ ပုံအတိုင်း Galaxy Nexus မှ softkey ကိုလိုချင်ရင် အောက်မှာပေးထားတဲ့လင့်ကိုဒေါင်းလုဒ်ပြုလုပ်ပီး အထက်ကနည်းအတိုင်း recovery mode ထဲမှအင်စတောပြုလုပ်နိုင်ပါတယ် ။

http://www.mediafire.com/?9blml945cv9v4po





No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်အထူးဝမ်းသားမိပါတယ်

Back to the Top